Thursday, November 22, 2012

IDEA Magaine

ကောင်းလေးက အရင်က ကောင်းဆက်ပြည့်စုံဆိုပြီး မန္တလေးမော်ဒယ်အနုပညာလောကထဲမှာ လှုပ်ရှားဖူးတယ်၊ အဲဒီ ကတည်းက ကောင်လေးကို သတိထားမိတယ်။ကောင်လေးကိုတွေ့လိုက်တဲ့အချိန်တိုင်း နေရာတိုင်းမှာ အမြဲလိုလိုတတ်ကြွရွှင်လန်းပြီး ကြိုးစားနေတာတွေ့ရတယ်။ယဉ်ကျေးသိမ်မွေ့တာကလည်း အကဲခတ်မိဖူးတယ်။ အခုတော့ ကောင်လေးက ထူးမြတ်ဆိုတဲ့ နာမည်အသစ်နဲ့ လှုပ်ရှားနေပြန်တာတွေ့ရပြန်ပါတယ်။နာမည်သာပြောင်းပေမဲ့ သူ့အသွင်အပြင် သူ့အမူအရာ သူ့ယဉ်ကျေးမှု၊ သူကြိုးစားမှုတွေက မပြောင်းလဲရှိနေတာတွေ့ရပါတယ်။ ကောင်လေးကို စာရေးသူအထင်ကြီးတဲ့ အချိန်တွေကို အချိန်တိုင်းမှာ တန်ဖိုးထား ကြိုးစားလှုပ်ရှားနေတာကလည်း မပြောင်းလည်းပဲ ပိုတန်ဖိုးထားပိုကြိုးစားလာတာတွေ့ရပါတယ် စာဖတ်သူတို့အကဲဖြတ်ပေးပါဦး
ထူးမြတ်နဲ့ နှုတ်တစ်လှည့် နာမည်က..
ထူးမြတ် ဘ၀မှာမရှိမဖြစ်က....
 မရှိမဖြစ်က မရှိတာပါ။
 ရည်မှန်းချက်က ...
 ဘယ်အရာမဆို အကောင်းဆုံးလုပ်မယ်
 နစ်သက်တဲ့အနုပညာက ...
 သရုပ်ဆောင် Model(photo Model)
 နှစ်သက်တဲ့အရောင်..
အဖြူ၊အပြာ
 နှစ်သက်တဲ့ Style... 
Free Style
 နစ်သက်တဲ့စိတ်ထား.
.ဖြူစင်ရိုးသားတဲ့စိတ်ထား 
ဘယ်လိုလူမျိုးကိုလေးစားလဲ..
ကိုယ်ဖြစ်ချင်တာကို တကယ်လုပ်နိင်တဲ့သူ 
ဘယ်လိုလူမျိုးကိုချစ်မိမလဲ...ကိုယ်ထင်တာထက်ပို ဂရုစိုက်တဲ့လူ
 ရှေ့ကသမ္ဘာတွေဆီက ဘာတွေအတုယူမလဲ.
.ကောင်းတဲ့အရာတွေ 
ဘာတွေရှောင်မလဲ..
မကောင်းတာတွေ
 နိင်ငံရေးဆိုတာ.
.နိုင်ငံသားတိုင်းအတွက်
 လျှောက်ခဲ့ပြီးတဲ့လမ်း..
အတတ်နိင်ဆုံး ကောင်းအောင် လုပ်ခဲ့တယ်
 ရှေ့လျှောက်မယ့်လမ်း...
ပိုကြိုးစားမယ် 
ဘာတွေသင်ယူမလဲ..
အနုပညာဝမ်းစာမှန်သမျှ
 ဘာတွေကို အားကျလဲ.. 
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျနေတဲ့သူတွေ  
ရုပ်နဲ့စိတ်ဆိုရင်...
 စိတ်ကပိုအရေးကြီးတယ်.။ဒါပေမဲ့ သရုပ်ဆောင်ဖြစ်ချင်တဲ့သူတွေ အတွက်တော့...။ ပညာရေးနဲ့ ငွေကြေးေ၇ာ...
ပညာက ပိုအရေးကြီးတယ်။ပညာရှိရင် ငွေရှတဲ့နေရာမှာ သမင်ဆယ်လှမ်း၊ကျားတစ်လှမ်း။ စာနယ်ဇင်းဆိုတာ..
 စာပေရယ်၊ဂျာနယ်ရယ်၊မဂဇင်း ရယ် အားလုံးအတွက် အချိန်တွေချုံ့ပေးတယ်။အသက်ရှည်စေတယ်..။ဥာဏ်ပညာပွင့်လင်းစေတယ်။သတင်းအခြေခံ စီးပွားရေး၊လှုမှုရေး ၊နိင်ငံရေးတွေ တိုးတတ်စေတယ်။အနုပညာနဲ့ ပရိတ်သတ် ပေါင်းကူးပေးတယ်။ကျွန်တော်တို့အတွက် မရှိမဖြစ်လိုအပ်တယ်။
 ထူးမြတ်နဲ့စာတစ်လှည့် ထူးမြတ်ရဲ့ ကိုယ်ရေးအကျဉ်းသိချင်ပါတယ်..
. မိဘတွေက ဦးစိန်လင်းနဲ့ ဒေါ်အေးအေးသန်းပါ။ပညာရေးက သင်္ချာအဓိက သတိယနစ်ပါ။(ယခု ကျောင်းပီး) နေတာ ..ဆည်းဆာစိုးစံ အမှတ် 6၊ 77လမ်း 78 လမ်းကြား၊31 32 လမ်းကြား မန်းတလေးပါ။
 ထူးမြတ်ရဲ့ပရိတ်သတ်သိစေချင်တာရှိလား...
ပရိတ်သတ်ဆိုတာ သရုပ်ဆောင်ဖြစ်ချင်တဲ့လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အင်အားတစ်ရပ်ပါ။ပရိသတ်ရဲ့  အားပေးမှု အခိုင်အမာသာရပြီဆိုရင် အရာရာပြီးပါပြီ။အားပေးပါ။ဝေဖန်ပေးပါ။ အဖိုးမဖြတ်နိင်အောင် တနိုးထားပြီး လက်ခံပါမယ်။ စိတ်၇ှည်စွာဖြေကြားပေးတဲ့ ထူးမြတ်ကို ကျေးဇူးတင်ပါတယ် 


2 comments:

  1. ဖတ်လိုက်ရပါတယ်အကို...
    အင်တာဗျုးမေးခွန်းလေးတွေကိုဖြေထားတာ အရမ်းသဘောကျပါတယ်
    ညီလဲအကို့ဆီကအတုယူရမယ်ထင်တယ်....
    အားပေးနေမယ်နော်....
    ဆက်ကြိုးစားနော်အကို . . .

    ReplyDelete