Monday, November 26, 2012

လွတ်လပ် လန်းဆန်းတဲ့ လမ်းပေါ် ကစတိုင်
ဖက်ရှင်ဆိုတာ လူတိုင်းနဲ့သက်ဆိုင်တဲ့အရာပါ။.ဒီဘက်ခေတ်လူငယ်တွေက ဖက်ရှင်ကိုပိုပြီးအာရုံစိုက်လာကြတာတွေ့ရပါတယ်။ခေတ်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ထူးမြတ်ကလည်း သူရဲ့ဖက်၇ှင်အပေါ်ခံယူချက်နဲ့ လျောက်လှမ်းဖြစ်နေတဲ့ အနုပညာခရီးလမ်းအကြောင်းကို အခုလို

 ပဲပြောပြသွားခဲ့ပါတယ်။
 အနုပညာခရီးအစ
 ကျွန်တော် 2011ခုနစ်မှာ မတင်မိုးလွင်ရဲ့ Talent&Models မှာ သင်တန်းတတ်ဖြစ်ခဲ့ပါတယ်။မန္တလေးဇာတိဆိုတော့ မန္တလေးမှာ ကျင်းပတဲ့ ရှိုးတော်တော်များများတော့ လျှောက်ဖြစ်တယ်။ကျွန်တော်ရဲ့ ရည်မှန်းချက်က သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ပါ။ လက်ရှိမှာတော့ အနုပညာဝမ်းစာပြည့်ဝအောင် ကြိုးစားနေပါတယ်။အားလုံး အဆင်သင့်ဖြစ်သွားတဲ့အချိန်မှာ သရုပ်ဆောင်စလုပ်ဖို့ မှန်းထားပါတယ် လူငယ်နဲ့ဖက်ရှင် 
 တောင်းမှာအကွပ် လူမှာအ၀တ်ဆိုသလိုပဲ လူတစ်ယောက် အတွက် ဖက်ရှင်က အရမ်းအရေးပါတယ်လို့ ထင်ပါတယ်။လူတစ်ဦးရဲ့ Body Structure ကိုလုံးဝပြောင်းလဲသွားအောင် ဖန်တီးပေးနိုင်တယ်လို့ ယူဆပါတယ်။ အခုခေတ်မှာတော့ လူငယ်တွေက ပေါ့ပါးလွတ်လပ်တဲ့ Free Styel ကိုနစ်သက်ကြတာ များပါတယ်။ကျွန်တော်အတွက် Fahion Rule အရမ်းကျပ်လွန်းရင် မ၀တ်ဘူး။တောက်ပြောင်နေတာမျိုး ပြောင်ပြောင်လက်လက်ဖြစ်လွန်းတာမျိုးဆို ကျွန်တော်နဲ့မလိုက်ဘူးလို့ထင်တယ်။ဒါကြောင့် အနည်းဆုံးအရောင်စိုစိုလေးနဲ့ တောက်တောက်လေးဖြစ်နေတာမျိုးပဲ ၀တ်ဖြစ်ပါတယ်။အရောင်ဆိုရင် အပြာရောင်နဲ့ အဖြူရောင်ကို အရမ်းကြိုက်တယ်။
 သဘောကျတဲ့ဖက်ရှင်စတိုင်လ် 
 ပြည်တွင်းမှာဆိုရင် ကိုအောင်ရဲလင်းရဲ့ စတိုင်လ်ကို သဘောကျတယ်။ပြည်ပမှာဆိုရင်တော့ အပ်စတန်ကွန်ချာဝတ်တာမျိုးတွေကို နစ်သက်တယ်။ယောက်ျားဆန်တယ်လို့ထင်တယ်။ဖက်ရှင် စတိုင်လ်
အတွက် အင်တာနက်က နေလေ့လာတယ်။ဖက်ရှင် ကတ်တလောက်တွေလည်း ကြည့်ဖြစ်တယ်။
မိန်းကလေး ဖက်ရှင်နဲ့ ယောင်္ကျားလေးဖက်ရှင် 
မိန်းကလေးတွေအတွက်တော့ အ၀တ်အစားတွေက ပိုပေါတယ်။အမှန်တော့ ယောက်ျားလေးတွေက မ၀တ်တတ်တာမဟုတ်ပါဘူး။လိုချင်သလောက် ရှာမတွေ့တာပါ။
ကိုးစားလေ့လာဖြစ်နေတာတွေ  
ကျွန်တော်က သရုပ်ဆောင်လုပ်ဖို့ ၀ါသနာပါတဲ့အတွက် ရုပ်ရှင်ဇာတ်ကားတွေက အဓိကကြည့်ဖြစ်တယ်။ကိုးရီယား၊အိန္ဒိယ ကား၊ Short Movie အားလုံးလိုလိုကြည့်ဖြစ်တယ်။ ရူတင်လိုက်ပြီးတော့ လေ့လာတာမျိုးလုပ်ဖြစ်ပါတယ်။သရုပ်ဆောင်တွေထဲမှာဆို ကိုပြေတီဦး၊စိုးမြတ်သူဇာနဲ့ အိန္ဒြာကျော်ဇင်ကိုသဘောကျတယ်။ အလှအပကို ဦးစားမပေးတဲ့ ဘ၀ဇာတ်လမ်းပုံစံမျိုးတွေကို ပိုစိတ်ဝင်စားတယ်
ရှေ့ဆက်လျှောက်မယ့် အနုပညာခရီး 
ကျွန်တော် ကျောင်းပြီးအောင်တတ်ပြီး ရန်ကုန်မှာ အခြေချဖို့ စီစဉ်ထားတယ်။အနုပညာ အလုပ်တွေကို လုပ်နိုင်စွမ်းရှိသလောက်လုပ်သွားမယ်။ အခုလက်ရှိမှာတော့ လိုအပ်တာတွေကို ဖြည့်ဆည်းနေပါတယ်။ လက်တလေမှာ ဗီစီဒီ၊ မဂ္ဂဇင်းနဲ့ ဂျာနယ်တွေအတွက် ဓာတ်ပုံရိုက်ပေးဖြစ်ပါတယ်။ကျွန်တော် တို့လို ၀ါသနာရှင်တွေကို အားပေးကြပါလို့...
Post by The SUN Journal

No comments:

Post a Comment